Training & Education

တနင်္သာရီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်းများနှင့် သင်တန်းဆိုင်ရာ သတင်းအချက်အလက်များကို ဝင်ရောက် လေ့လာသိရှိနိုင်ရန် ဖြစ်ပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ရုံးခွဲ၏ စီစဉ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း၏ ပူးပေါင်းပါဝင်မှုဖြင့် COVID-19 ကြောင့် စီးပွားရေးကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) (၃)ပတ် (၁၅)ရက် သင်တန်း နှင့်  မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၏ ပူးပေါင်းပါဝင်မှုဖြင့် COVID-19 Relief Package 1 ခရီးသွားလုပ်ငန်းအခြေခံ ၄ ပတ် (၈) ရက်သင်တန်း တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။